သတင်းများ

အဆင်ပြေချောမွေ့ စက်တင်ဘာ ပရိုမိုးရှင်း

မင်္ဂလာပါခင်ဗျာ။ အစဉ်အမြဲ ယုံကြည်အားပေးခဲ့ကြသော Wishton Hotel Yangon ၏ မိတ်ဟောင်း၊မိတ်သစ် ဧည့်သည်တော်အားလုံး ကိုယ်၊စိတ်နှစ်ပါး ကျန်းမာ၊ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် ခင်ဗျာ။ လုပ်ငန်းကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အပန်းဖြေအနားယူလိုလို့ပဲဖြစ်ဖြစ် ရန်ကုန်မြို့မှာ ဟိုတယ်ကောင်းကောင်း ရှာနေကြတဲ့ ဧည့်သည်တော်ကြီးများအတွက် အဆင်ပြေချောမွေ့စေဖို့ စက်တင်ဘာလမှာလည်း ယခင်လများကဲ့သို့ပင် Weekly Package Plan, 3 Nights Package Plan, Weekend Plan, Monthly Package Plan အစရှိသဖြင့် ပရိုမိုးရှင်း အမျိုးအစားစုံလင်စွာဖြင့် ဝန်ဆောင်မှုဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။ ပုံထဲကအတိုင်းလေ့လာပြီးတော့ မိမိစိတ်တိုင်းကျ အခန်းရွေးချယ်ဘိုကင်တင်နိုင်ပါပြီခင်ဗျာ။

နေပူပူ၊ မိုးရွာရွာ မီးမပျက်၊ အင်တာနက်ပျက်တောက်မှုလုံးဝမရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များနှင့် အဆင့်တန်းညီမျှသော အခန်းများမှာ တည်းခိုအနားယူနိုင်ပါပြီခင်ဗျာ။

အမှတ် ၃၆၅၊ သစ္စာလမ်းနှင့် ရွှေသစ္စာလမ်းထောင့်၊ (၁၃) ရပ်ကွက် ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။