မင်္ဂလာပါ။ အတာသင်္ကြန်နှင့်အတူ မြန်မာ့ရိုးရာ နှစ်သစ်ကူးအား WISHTON HOTEL YANGON မှ စျေးနှုန်းသက်သာသည့် ပရိုမိုးရှင်းအစီစဉ်ဖြင့် စတင်မိတ်ဆက်ရင်း ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
ပူပြင်းလှတဲ့နွေရာသီပိတ်ရက်ရှည်မှာ မီးပုံမှန်မလာမှုတွေကိုတွေးရင်း စိတ်မောနေရပြီလား? သင်္ကြန်ပိတ်ရက်ရှည်မှာ ရန်ကုန်မှာ လည်ပတ်ရင်း အနားယူ အပန်းဖြေဖို့ ဟိုတယ်ရှာနေပါသလား? WISHTON HOTEL YANGON ကိုသာလှမ်းလာခဲ့ပါလို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
မီးပျက်မှာလည်းမစိုးရိမ်ရ၊ အင်တာနက်လိုင်းလည်း လုံးဝမကျတဲ့အပြင် ဝန်ထမ်းတွေရဲ့ ပျူငှာယဉ်ကျေးတဲ့ ဝန်ဆောင်မှုအပြည့်နဲ့ ဧည့်သည်မိတ်ဆွေတို့ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပါပြီ။ နှစ်ဟောင်းမှာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ဘဝအမောတွေအားလုံး ပြေပျောက်စေဖို့ WISHTON HOTEL YANGON မှာအေးအေးဆေးဆေး အနားယူရင်း နှစ်သစ်အတွက် အားအင်သစ်လောင်းလိုက်ပါ။
ဟိုတယ်အခန်းခတွေလည်း လုံးဝဈေးမတက်တဲ့အပြင် အရမ်းတန်တဲ့ပက်ကေ့ချ်တွေနဲ့ဈေးတွေလျော့ချ စီစဉ်ပေးထားသည့်အတွက်ကြောင့် မိမိတို့စိတ်တိုင်းကျ ရွေးချယ်တည်းခိုနိုင်ပါပြီခင်ဗျာ။
ရက်ရှည်အတွက်လည်း လျော့စျေးအစီစဉ်တွေ ပါတာဖြစ်လို့ နယ်ဝေးဧည့်သည်တွေအတွက်လည်း အထူးသင့်လျှော်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။


