Skip to content

ကိုဗစ်-၁၉ ရောဂါအားကြိုတင်ကာကွယ်ခြင်း

          ယခုလိုခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့မိတ်ဖက်လုပ်ငန်းပါတနာများ၊ ချစ်ခင်ရသောဧည့်သည်တော်များ
အားလုံးအား ကိုဗစ်-၁၉ ကြောင့် အနည်းနဲ့အများ သက်ရောက်မ ရှိသည်ကို ကျွန်တော်တို့ဟိုတယ်အနေနဲ့လည်း

ယခုလိုခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့မိတ်ဖက်လုပ်ငန်းပါတနာများ၊ ချစ်ခင်ရသောဧည့်သည်တော်များ အားလုံးအား ကိုဗစ်-၁၉ ကြောင့် အနည်းနဲ့အများ သက်ရောက်မ ရှိသည်ကို ကျွန်တော်တို့ဟိုတယ်အနေနဲ့လည်း ကိုယ်ချင်းစာနားလည်ပါသည်။ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းများနှင့် အညီ ကျွန်တော်တို့ဟိုတယ်ရှိ ဝန်ထမ်းများမှ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်း၊ social distance သတ်မှတ်ထားရှိခြင်း၊ လက်ဆေးဘေစင်ထားရှိခြင်း၊ ပိုးသတ်ထားသော လက်ဆေးရည်များ ထားရှိခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများကို နေ့စဥ်လုပ်ဆောင်လျက်ရှိသည့်အပြင် ဝန်ထမ်းများအတွက် လိုအပ်သော အခြေခံဆေးဝါးများကိုလည်း ထောက်ပံ့ပေးထားပါသည်။            သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများအရ ကျွန်တော်တို့ဟိုတယ်၏ အနည်းငယ် ပြောင်းလဲသွားသော စည်းမျဥ်းစည်းကမ်းများကို အသိပေးလိုပါသည်။ ဟိုတယ်တွင်တည်းခိုလိုပါက ခရီးသွားရာဇဝင်၊ ကျန်းမာရေးထောက်ခံစာ၊ အကယ်၍တခြားဟိုတယ်တွင် နေထိုင်ခဲ့ပါက ထိုဟိုတယ်၌ နေထိုင်ခဲ့ကြောင်းထောက်ခံစာ လိုအပ်ပါသည်။ ကြိုတင်ဘိုကင်လုပ်ထားဖို့လည်း လိုအပ်ပါသည်။ ကြိုတင်ဘိုကင်လုပ်မထားလျှင် တည်းခိုခွင့်ပေးမည်မဟုတ်ပါ။ Walk-in ဧည့်သည်များကို လတ်တလောကာလတွင် လက်ခံမည်မဟုတ်ပါ။ အဆင်မပြေမှုများအတွက် ကြိုတင်တောင်းပန်အပ်ပါသည်။ လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။   ချစ်ခင်လေးစားစွာဖြင့် Wishton Hotel Yangon
Wishton Hotel Yangon

No.365, Thitsar Road and Shwe Thitsar Street (Corner), No.13 Ward, Yankin Township, Yangon, Myanmar.

+95-1-572500, +95-9-887994960

info@yangon.wishtonhotel.com

လူမှုကွန်ရက်များ

↑