သတင်းများ

ကိုဗစ်-၁၉ ရောဂါအားကြိုတင်ကာကွယ်ခြင်း

ယခုလိုခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့မိတ်ဖက်လုပ်ငန်းပါတနာများ၊ ချစ်ခင်ရသောဧည့်သည်တော်များ
အားလုံးအား ကိုဗစ်-၁၉ ကြောင့် အနည်းနဲ့အများ သက်ရောက်မ ရှိသည်ကို ကျွန်တော်တို့ဟိုတယ်အနေနဲ့လည်း ကိုယ်ချင်းစာနားလည်ပါသည်။
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းများနှင့်
အညီ ကျွန်တော်တို့ဟိုတယ်ရှိ ဝန်ထမ်းများမှ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်း၊
social distance သတ်မှတ်ထားရှိခြင်း၊ လက်ဆေးဘေစင်ထားရှိခြင်း၊ ပိုးသတ်ထားသော လက်ဆေးရည်များ
ထားရှိခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများကို နေ့စဥ်လုပ်ဆောင်လျက်ရှိသည့်အပြင် ဝန်ထမ်းများအတွက်
လိုအပ်သော အခြေခံဆေးဝါးများကိုလည်း ထောက်ပံ့ပေးထားပါသည်။


           သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများအရ ကျွန်တော်တို့ဟိုတယ်၏ အနည်းငယ်
ပြောင်းလဲသွားသော စည်းမျဥ်းစည်းကမ်းများကို အသိပေးလိုပါသည်။

  • ဟိုတယ်တွင်တည်းခိုလိုပါက ခရီးသွားရာဇဝင်၊ ကျန်းမာရေးထောက်ခံစာ၊ အကယ်၍တခြားဟိုတယ်တွင်
    နေထိုင်ခဲ့ပါက ထိုဟိုတယ်၌ နေထိုင်ခဲ့ကြောင်းထောက်ခံစာ လိုအပ်ပါသည်။
  • ကြိုတင်ဘိုကင်လုပ်ထားဖို့လည်း လိုအပ်ပါသည်။
  • ကြိုတင်ဘိုကင်လုပ်မထားလျှင် တည်းခိုခွင့်ပေးမည်မဟုတ်ပါ။
  • Walk-in ဧည့်သည်များကို လတ်တလောကာလတွင် လက်ခံမည်မဟုတ်ပါ။

အဆင်မပြေမှုများအတွက် ကြိုတင်တောင်းပန်အပ်ပါသည်။ လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

 

ချစ်ခင်လေးစားစွာဖြင့်
Wishton Hotel Yangon

အမှတ် ၃၆၅၊ သစ္စာလမ်းနှင့် ရွှေသစ္စာလမ်းထောင့်၊ (၁၃) ရပ်ကွက် ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။